Dark Era of Burma

Episode #3.2: အနုပညာဟာ ဖန်တီးမှုဖြစ်ပြီး မတရားလုပ်ရပ်ဟာ မစားရသေးခင် ဗိုက်ထဲမှာ ပူလောင်နေတဲ့ မီး
အိပ်လိုက်တယ်။ မနက်ထပြီး အိမ်သာသွားတက်တော့ အင်တာနက်ဖွင့်တာမရဘူး။ ဘာလဲပေါ့ တစ်ခုခုပဲဆိုပြီး ယောက္ခမပြောမှ အာဏာသိမ်းသွားတယ်ဆိုတာ သိခဲ့တာ။ ဆိုင်ကယ်ထုတ်ပြီးတော့ ကွမ်းယာဆိုင်သွားတယ်။ သွားတော့ လူလေးငါးခြောက်ယောက်လောက်က ကွမ်းယာဆိုင်မှာ စကားလည်း မပြောဘူး တစ်ယောက်နဲ့တစ်ယောက် မှုန်ကုတ်ပြီးတော့။ ဟာ မင်းကလည်းမသိဘူးလားကွာ အာဏာသိမ်းလိုက်တာ ဘာညာဆိုပြီး စိတ်ဆိုးမာန်ဆိုးတွေ ဖြစ်နေကြတာ။ အဲ့ချိန်ထိလည်း ထွေထွေထူးထူးမခံစားရဘူး။ မကောင်းမှန်းလည်း သိပြီလေ။

အာဏာသိမ်းလိုက်ရင် ဘယ်လိုဖြစ်မှန်းက သိနေပြီ။ အဲ့တော့ဘယ်လိုမျိုး တုံ့ပြန်ကြမလဲလို့ဆိုပြီး တမြို့လုံးဆိုင်ကယ်နဲ့ ပတ်ကြည့်တယ်။ ဘယ်သူမှကတော့ မျက်နှာမကောင်းဘူး။ စျေးထဲမှာဆိုရင်လည်း စျေးတွေသာ ဝယ်နေကြတာ။ စိတ်တွေတိုပြီး။ နေ့လယ်ခင်းလောက်မှ ကိုလင်းခါးရဲ့ စိတ်ထဲမှာ စ ဖြစ်လာတယ်။ ဟာလာဟင်းလင်းကြီး ဖြစ်သွားတာ။ ဟာ ငါ ဘာဆက်လုပ်ရမလဲ ဆိုပြီးတော့။ ဒီအခြေအနေကြီးက သေချာတယ်။ လုံးဝ မကြိုက်ဘူး။ ဘယ်လိုလုပ်ရမှာလဲဆိုပြီး စတွေးတယ်။ ညနေကျတော့ ဘော်ဒါတွေစုပြီးတော့ ပြောကြတော့ တစ်ခုခုလုပ်ကြမယ်ဆိုပြီး ဘာမှလည်း မလုပ်ဖြစ်ဘူး။ အဲဒီချိန်မှာ ၇၂ နာရီဂျင်းတွေ၊ ဆန္ဒမပြနဲ့ဆိုတဲ့ ဟာတွေလည်း မိခဲ့တယ်။ လိုင်းပေါ်တွေမှာလည်း ဒီအချိန် ဆန္ဒမပြနဲ့ဆိုပြီးတော့ပေါ့။

နေနေတဲ့မြို့က နယ်ခံမဟုတ်ဘူး။ လူငယ်တွေကိုလည်း မသိတော့ ဆန္ဒပြဖို့ကအဆင်မပြေဘူး။ သူငယ်ချင်းငါးယောက်စုပြီး ရန်ကုန်ကိုဆင်းတယ်။ ငါးရက်နေ့မှာ ဆန္ဒစပြကြတယ်။ ဆန္ဒပြလိုက်လို့ စစ်တပ်အနေနဲ့ ပြန်ဆင်းပေးမယ်လို့မမြင်ဘူး။ တစ်ဆင့်ချင်းစီလုပ်ရတာလို့မြင်မိတယ်။ ခုနကပြောသလိုပဲ ၇၂ နာရီဂျင်းကနေပဲ စတယ်။ လမ်းပေါ်မထွက်ကြနဲ့ဆိုတော့ တကယ်လည်း ဘယ်သူမှမထွက်ကြပါဘူး။

စပြတုန်းက မီးတုတ်မီးတုတ် ရှို့ရှို့ကို ထည့်မအော်ခိုင်းဘူး။ အကြမ်းဖက်တယ်ဖြစ်မှာစိုးလို့။ အဲ့လောက်ထိလူတွေ ကိုယ့်ကိုယ်ကိုယ် ထိန်းကြတယ်။ နောက်တစ်ဆင့် စစ်တပ်က ရိုက်လာပြီး နှက်လာပြီဆိုတဲ့အချိန်မှာ ပြန်ခုခံဖို့ မိုလိုတော့တွေ စရှဲတဲ့သူကို လူတွေက ဒလန်ဆိုပြီး သတ်မှတ်ကြတယ်။ လူထုရဲ့အသိက တစ်ဆင့်ချင်းစီပဲ သွားတာ။ အဲ့အချိန်မှာ တက်မယ် ငါတို့တိုက်ကြမယ်ဆိုရင် ဘယ်လူထုမှမပါဘူး။

ဒီကောင်တွေက အဆိုးဆုံးအကြမ်းတမ်းဆုံးလုပ်တော့ လူတွေက အသည်းတွေပါနာကုန်တာ။

အဲ့လောက်ထိမလုပ်ရင်လည်း ခုလောက်အနေအထားထိ တော်လှန်ရေးက ဖြစ်ချင်မှဖြစ်မယ်။ ဒီကောင်တွေကပဲ အကုန်ပုံဖော်တာ။ သူတို့လုပ်သမျှကို လိုက်တုန့်ပြန်ရင်းနဲ့ ဒီအခြေအနေရောက်ရတာ။  တစ်ခါတည်း လူထုက လက်နက်ကိုင်တိုက်မယ်ဆိုပြီး တန်းပြီးဖြစ်တာမဟုတ်ဘဲ တော်လှန်ရေးက တစ်ဆင့်ချင်းသွားတယ်ဆိုတာ ဒီအချက်က ပြနေတယ်။ လူထုက ဘယ်အဆင့်ရောက်ရင် ဘာလုပ်ရမယ်ဆိုတာ သိနေတဲ့ သဘောမျိုးပဲ။

ကားနဲ့လိုက်တိုက်ခံရတာ၊ ပြေးနေတုန်း ဘေးနားကတစ်ယောက်ရဲ့ ခါးကို ကျည်ထိသွားတာမျိုးတော့ ကြုံဖူးခဲ့တယ်။ လူအုပ်ရဲ့ နောက်မှာ လိုက်တဲ့သူတွေကို သံမှိုတွေရိုက်ထည့်ထားတဲ့ တုတ်တွေပေးထားရတယ်။ ကားနဲ့လိုက်တိုက်တဲ့အခါ ပစ်ချခဲ့ဖို့။ ဘီးပေါက်ပြီး ဆက်မလိုက်နိုင်အောင်လို့ ပြင်ဆင်ရတဲ့အပိုင်းတွေ ရှိတယ်။ နယ်မြို့တွေမှာဆိုရင် နှစ်ငါးလုံးပြီးကတည်းက လျော့သွားတာ။ ပြောက်ကျားပြတဲ့ ဗကသစစ်ကြောင်းတွေလောက်ပဲရှိတာ။ ဆန္ဒပြချင်လို့ သပိတ်စစ်ကြောင်း လိုက်ရှာရတာမျိုးတွေရှိတယ်။

ဆန္ဒပြတယ်၊ တောထဲရောက်တယ်။ အဲ့ကနေ လေ့ကေကော်၊ ပြီးတော့ တစ်ဘက်ခြမ်းကို ရောက်သွားတယ်။ အဲ့ကာလတွေမှာ တွေ့ခဲ့ရတဲ့ လူငယ်တွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းလောက်က သေသွားပြီ။ တော်တော်လေးကို ရင်းနှီးပြီးပေါင်းသင်းခဲ့ကြတဲ့သူတွေ။ သေသွားတဲ့ပုံစံတွေကလည်း မျိုးစုံပါပဲ။ တော်လှန်ရေးစပြီး လုပ်ခဲ့တည်းကနေ ခုထိမှာ တချို့က ဒလန်ဖြစ်တဲ့သူလည်း ဖြစ်သွားပြီ။ အဲ့လိုဒလန်ဖြစ်လို့ ပြန်အလျော့ခံလိုက်ရလို့ သေသွားကြတယ်။ တော်လှန်ရေးကို ပါးစပ်က အမြဲပြောနေတဲ့သူတွေက ဒလန်ဖြစ်သွားတာလည်း ကြုံဖူးတယ်။ ဒီကာလကြီးမှာ အမျိုးစုံတာ တော်တော်ကြီးကို ကြုံလိုက်ရတယ်။

ဇွန်လမှာ ကိစ္စလေးတစ်ခုကြောင့် ရှောင်ရတယ်။ မိန်းမကလည်း cdm ဆိုတော့ ။ အစကတော့ နှစ်ပတ်လောက်ပဲ ရှောင်ပြီး သူတို့ ကိစ္စကိုမေ့သွားလောက်တဲ့အခါမှာ ပြန်မလို့။ ဖြစ်ချင်တော့ အဲ့အတွင်းမှာ အိမ်ကို လာရှာတယ်။ အိမ်ထဲထိတော့မဝင်ဘဲ အပြင်ကနေ ဓာတ်မီးနဲ့ထိုး၊ ဘေးအိမ်ကလူတွေကိုမေးပြီး ပြန်သွားတယ်။

ရှောင်ရတဲ့ ခံစားချက်

အစက နှစ်ပတ်လောက်ဆိုပြီး ထွက်လာတော့ ပျော်ပွဲစားထွက်ရသလိုပဲ တောထဲမှာ။ ပြန်လို့မရမှန်းသိသွားတဲ့ အချိန်မှာ မိသားစုရော၊ ကလေးရောပါလာတာ။ တောထဲမှာက နှစ်လပဲနေခဲ့တာ။ ကလေးပါလာတာ တောထဲမှာ အဆိုးဆုံးပဲ။ အဓိကက ဒလန်တွေအများကြီးမိတယ်။ ဒလန်တွေကို စစ်မေးတဲ့အပိုင်းမှာ မျိုးစုံပေါ့။ တစ်ယောက်ပြီး တစ်ယောက်ဆိုတော့ နေတဲ့အနားမှာပဲ လျော့ကြတော့ ကလေးတွေတင်မကဘဲ လူကြီးတွေပါ အမြဲတစေကျတော့

အဲ့တာနဲ့လေ့ကေအဆင်မပြေတော့ဘူး။

ကော်ကို ရောက်သွားတယ်။ နောက်ပိုင်း လေ့ကေကော်မှာတိုက်ပွဲ ဖြစ်တော့ ဟိုပြေးပုန်း ဒီပြေးပုန်းနေနေရတာ။ လေ့ကေ့ကော်မှာ ထောင်နဲ့ချီတဲ့ pdf တွေရှိတယ်။ စစ်တပ်က မဝင်လာလောက်ဘူးပဲထင်တယ်။ pdf ကထောင်နဲ့ချီပေမဲ့ လက်နက်က အယောက်တိုင်းစီမှာတော့ မရှိဘူး။ တကယ်တမ်းဝင်လာတော့လည်း ပြေးရတာ။ သူတို့သိမ်းတဲ့ဂိတ်ဆိုး သေနတ်လေး လေးငါးလက်ပဲရှိတာ။ အဲ့ဒါကို တင့်ကားနှစ်စီးပါတယ်။ ရဟတ်ယာဥ်ပါတယ်။ လေယာဥ်ပါတယ်။ စစ်ကြောင်းသုံးကြောင်းထိုးတယ်။ မတန်တဆအင်အားကြီးနဲ့ လာတာ။

ဒေသခံတွေကလည်း လက်နက်ကြီးသံကြားတာနဲ့ ရှောင်ကြတယ်။ ဒါပေမဲ့ တချို့အချိန်တွေမှာက လက်နက်ကြီးသံကြားရတာမှန်ပေမဲ့ ကိုယ်ရှိနေတဲ့နေရာနဲ့က မသက်ဆိုင်ဘူး။ အဲ့ဒါလည်းမရဘူး။ သူတို့က အထုပ်ပြင်ပြီး ပြောင်းတာပဲ။ ခနခန စစ်ဘေးရှောင်ရတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်လာတယ်။ မိသားစုလေးခုကို ဦးဆောင်ပြီးတော့ စစ်ရှောင်ရတာကိုး။ အခေါက်ခေါက်အခါခါဖြစ်လာတာ။

စိတ်လှုပ်ရှားလာပြီဆိုရင် အိမ်သာတက်ချင်လာတာ။ နယ်စပ်ကိုရောက်ပြီး ခြောက်လ၊ ခုနစ်လအထိကို အဲ့လိုမျိုးဖြစ်တာ မပျောက်တော့ဘူး။ သက်သာလာတာ သိပ်မကြာသေးဘူး။

သီချင်းလုပ်ခဲ့ပုံ။ ရိုက်ခဲ့ပုံ။

သီချင်းက ကဗျာကနေစတာ။ ဧပြီလောက်ကတည်းက သီချင်းဖြစ်နေပြီ။ လေ့ကေကော်နေရတဲ့လေးလက တော်တော်နေလို့ကောင်းတယ်။ ရာသီဥတုနဲ့ စာလေးဖတ်လိုက်၊ ရေးလိုက်နဲ့။ အစက တလရပြီးတဲ့အထိ လေ့ကေကော်မှာပဲနေမယ်ဆိုပြီး စဥ်းစားထားတာ ပြီးမှ တစ်ဘက်ကို ကူးသွားလိုက်ရတယ်။ ကူးပြီးတော့ အဲ့မှာနေတဲ့ အရသာကို စွဲလမ်းတာမျိုးရှိတယ်။ အဲ့ဒါကြောင့် လေ့ကေကော်ပါရီဆိုတဲ့ ကဗျာတစ်ပုဒ်စရေးဖြစ်တယ်။ အသိတစ်ယောက်နဲ့ သီချင်းလိုပြန်ရေး။ ရပ်ဂေးရပ်ရတဲ့နောက်ထပ်တစ်ယောက်နဲ့ ရပ်အပိုဒ်ရေး၊ ပြီးတော့ သီချင်းဖြစ်လာတယ်။

ကဗျာကလည်း တစ်နေရာမှာနေတိုင်း ကဗျာက ထွက်ကတာမဟုတ်ဘူး။ တော်တော်ကြီးကို စိတ်ခံစားချက်မြင့်ခဲ့လို့ ကဗျာက ထွက်လာခဲ့တာလို့မြင်တယ်။ သီချင်း ကိုယ့်ဘာသာဆိုရင် lyric video လောက်ပဲလုပ်ဖြစ်မှာ။ လေ့ကေ့ကော်ပြန်ရောက်မှ ရိုက်မယ်ပေါ့ဆိုပြီး။ ဒါပေမဲ့ လေ့ကေကော်မှာလည်း ပြန်ရိုက်ချင်နေတဲ့သူတွရှိတယ်။

စာအုပ်နှစ်အုပ်ရေးဖို့ စိတ်ကူးရှိတယ်။ တအုပ်က တောထဲမှာ နှစ်လဖြတ်သန်းခဲ့တဲ့အကြောင်းတွေ၊ စမ်းရေကြည်နုစတိုင်ပဲ။ အမြဲတမ်းပါနေမယ့် ဇာတ်ဆောင်က အောက်ထစ် အနည်းဆုံး ၁၅ ယောက်လောက်ရှိတယ်။ နောက်တစ်အုပ်ကတော့ လေ့ကေကော်ကနေစပြီး စစ်ပြေးရတဲ့ မှတ်တမ်းလိုမျိုးတွေ။

မဲဆောက်မှာရပ်တည်ရတာ-

မိသားစုနဲ့ဆိုတော့ ပုံမှန်ဝင်ငွေတစ်ခုရှိဖို့လိုလာတာ။ တစ်ယောက်တည်းသမားဆိုရင်တော့ ကိစ္စမရှိဘူးပေါ့။ ကလေးပါတော့ ကလေးပညာရေးကိစ္စတွေပါလုပ်ရတယ်။ အထဲကလူတွေက ထောက်ပို့လုပ်စေချင်ကြတယ်။ ကိုယ့်ဘက်မှာက ရပ်တည်နိုင်အောင်ပဲ ရုန်းကန်နေရတော့ လုံးပြီး မလုပ်ဖြစ်တော့ဘူး။ ကူးလာတုန်းကလည်း သာမန်ပြည်သူတစ်ယောက်ပါသလိုပဲ ပါလာတာဆိုတော့ ကိုယ့်page မှာတတ်နိုင်သလောက်ရှဲတာမျိုးပဲ လုပ်ဖြစ်တယ်။ ဘာမှထွေထွေထူးထူးမလုပ်ဖြစ်တော့ဘူး။ ပုံမှန်ဝင်ငွေလေးရအောင် နည်းမျိုးစုံနဲ့လျှောက်ကြိုးစား၊ စာအုပ်တွေကလည်း ထပ်မရိုက်ဖြစ်တော့။

ရောင်းစရာရှိတာရောင်း၊ ပေါင်စရာရှိတာပေါင်၊ ရောင်းစရာ၊ပေါင်စရာတွေကုန်သွားတော့  အခုအတော်လေးအဆင်ပြေသွားတာ ဆိုင်လေးဖွင့်လိုက်လို့။ နှစ်လတောင်မပြည့်သေးဘူး။ အသက်ရှူချောင်သွားတယ် ဆိုင်ကြောင့်။ အကိုသာ ပုံမှန်ဝင်ငွေပြန်ရှိပြီဆို တော်တော်လေးပြန်ချောင်လည်လာနိုင်ပြီး တော်လှန်ရေးအပိုင်းကို လုပ်မယ်ဆိုလည်း ကူလို့ရနိုင်ပြီ။

Episode 3.2: စကားလုံး၊ အမှောင်ဖြစ်ရပ်တွေရဲ့ လောင်းရိပ်အောက်က စာရေးဆရာ လင်းခါး
စာရေးဆရာ ကိုလင်းခါးဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ စာပေအနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ အိမ်ကနေရှောင်ရင်း တောထဲ၊ တောထဲကနေ တစ်ဘက်နိုင်ငံကို ရောက်ရှိခဲ့ပြီး idp တစ်ယောက်အနေနဲ့ ဆက်လက်ရပ်နေပါတယ်။

သူ့ရဲ့ဘဝကရော ဘယ်လိုမျိုးအဖြစ်အပျက်တွေ၊ အမှောင်ခြမ်းတွေကြုံခဲ့ရလဲ၊ ဘယ်လိုအတွေ့အကြုံတွေ ဖြတ်သန်းခဲ့ရလဲဆိုတာ ကျနော်ဝေးအိမ်နဲ့အတူ gracyတို့က ဆက်လက်တင်ဆက်ပေးသွားပါ့မယ်။

ယခုပထမ အပိုင်းမှာ ကိုလင်းခါး ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝ ၊ ဝါသနာ နဲ့ အိပ်မက်တွေကို ဘယ်လောက်အထိကြိုးစားခဲ့ရသလဲ ဆိုတာ မေးမြန်းထားပါတယ်။

ဆင်းရဲလို့ အနှိမ်ခံရတာရှိတဲ့အပြင် ငယ်စဉ်ဘဝကတည်းက ကလေးလိုမနေခဲ့ရပါဘူး။ ကစားရမဲ့ အချိန် သူငယ်ချင်းတွေနဲ့ မကစားရပဲ အမေနဲ့ ဆိုင်အတူထိုင်ရတဲ့အတွက် ရှက်စိတ်လိုလို ကြောက်စိတ်လိုလိုက အမြဲတမ်း စိတ်ထဲမှာ ရှိလို့နေခဲ့ပါတယ်။ ဆေးလိပ်စသောက်တော့ ခြောက်တန်းနှစ် အိမ်ကသိသွားတော့ အဖေက ထိုးလိုက် အကို ကထိုးလိုက်နဲ့ နေ့စဉ်ပါပဲ။ ဒါပေမဲ့ သူတို့အဲ့လိုလုပ်လေ ပိုသောက်ချင်စိတ်တွေများလာလေပဲဖြစ်လာခဲ့ပါတယ်။

စာဖတ်တာ၊ စာရေးတာကို ဘယ်ချိန်မှစသတိထားမိလဲဆိုတော့ ငယ်ငယ်က စာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ ဖတ်ရတာတွေ ကြိုက်နေမှန်း သတိမထားမိဘဲ ဖတ်ဖြစ်နေတာ။ ပတ်ဝန်းကျင်ကလည်း စာဖတ်တာကို အားဖြစ်စေလောက်တဲ့ ပတ်ဝန်းကျင်မျိုးက မဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ ရှိတဲ့စာအုပ်တွေကလည်း တရားဓမ္မစာအုပ်တွေလောက်ပဲ။ ပွဲစျေးတွေမှာရောင်းတဲ့ စာအုပ်မျိုးတွေ။ ပြီးတော့ စာအုပ်အငှားဆိုင်လေးတွေရှိတယ်။ အငှားဆိုင်မှာကတော့ အမြဲတမ်းလည်း မငှားနိုင်ဘူး။ ပိုက်ဆံနဲ့ငှားရတာဆိုတော့။ ပိုက်ဆံမရှိလို့။

စာအုပ်တွေက ငှားပြီးရင် ပြန်မအိပ်နိုင်ဘူး။ အိမ်မှာပုံလာတာ။ ပိုင်ရှင်က မေ့လောက်ပြီဆိုမှ တခေါက်ပြန်သွားပြီး အပ်တာ။ သိရင်လည်း သိမှာပေါ့လေ။ အိမ်မှာဆိုရင် အဲ့ဆိုင်က စာအုပ်တွေဆို အများကြီးပဲ။

၂၀၀၃မှာ ကျောက်ဆည်ကိုပြောင်းတယ်။ အလုပ်လုပ်ပြီးတော့ စာကြည့်တိုက်ရှိတော့ စာပိုဖတ်ဖြစ်တယ်။ အကိုတဝမ်းကွဲကလည်း စာလေးဘာလေးရေးတော့ ။ အဝေးသင်ပညာရေးကတော့ ဘာမှထွေထွေထူးထူး ပြောစရာကမရှိဘူး။ ဒါကြီးက ဘာမှ အဓိပ်ပါယျမှလညျး မရှိတာ။ ကျန်တာမပြောနဲ့။ အင်္ဂလိပ်စာ သင်တာပဲကြည့်။ သူငယ်တန်းကနေ ဆယ်တန်းထိ ဆယ်နှစ်လုံးလုံး အင်္ဂလိပ်စာကို မတတ်အောင်သင်တယ်။ ကြီးမှပြန်စဥ်းစားတော့ အင်္ဂလိပ်စာကို ဘယ်လိုအောင်လာမှန်းမသိဘူး။ ဆယ်တန်းဖြေတုန်းကလည်း လျှောက်ရေးတာ။ အံ့သြဖို့ကောင်းတာ။ အင်္ဂလိပ်စာမတတ်တာကြီးကို ဘွဲ့တွေတောင်ရသေးတယ်။ စိတ်ပညာနဲ့ရတာ။ ဘွဲ့က ဘာမှသုံးစားလို့လည်း မရဘူး။ ဘွဲ့ရတာတော်တော်နောက်ကျတယ်။ ဘွဲ့ရပြီးတော့ အရင်ကအလုပ်ပါပဲ။ ကြားထဲမှာလည်း အလုပ်ကစုံနေပြီ။ ၂၀၀၆ ခုနစ်မှာတည်းက စာစီစာရိုက်သမားဖြစ်နေပြီ။ မိတ္တူဆိုင်မှာ အလုပ်ဝင်လုပ်ရင်းနဲ့ တက်သွားတာ။ မိတ္တူဆိုင်မှာ တနှစ်လောက်ကြာပြီးတော့ တက်သွားတာ။ မိတ္တူဆိုင်အလုပ်မှာ ရှစ်နှစ်လောက်ကြာသွားတယ်။

အလုပ်ရှင်နဲ့ ပက်သက်ပြီးတော့က ဒီအလုပ်မှမဟုတ်ဘူး။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ လူတိုင်းခေါင်းပုံဖျက်ခံရတာ၊ ခေတ်ကမှမကောင်းတာ။ ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ သန့်ရှင်းရေး အလုပ်လုပ်ဖူးတယ်။ ဘိလပ်မြေအိတ်တွေကို ဆိုက်တွဲနဲ့တင်ပြီးတော့ တစ်နေရာကနေ တစ်နေရာကိုပို့ရတယ်။ ဆိုင်မှမဆိုင်တာ။ မဆိုင်တာတွေလည်း အကုန်ခိုင်းတာပဲ။ အခုကာလမှဆို စက်ရုံတွေမှာ ရိုက်နှက်တာတွေရှိတယ်။ အခြေအနေတွေကဆိုးတော့ ဘယ်သူမှမထွက်နိုင်ဘဲ ဆက်လုပ်နေကြရတာ။ လှိုင်သာယာတို့ဘက်မှာ။

စာမူစပါတုန်းက ကဗျာနဲ့ပါတာ။ ကဗျာစရေးခါစကဆို ကဗျာကရေးလို့မရဘူး။ ပိုက်ဆံမရှိလို့။ ရေးလို့မရဘူးလားဆိုတော့ ရတယ်။ ဒါပေမဲ့ ငွေရှာရတဲ့အလုပ်တွေလုပ်နေတာနဲ့ စိတ်ရော၊ လူရောပင်ပန်းပြီးမရေးဖြစ်တာ။ အေဖိုးကို အရမ်းချောတာကြီးမဝယ်နိုင်ဘူး။ အညိုကြီးတွေရှိတယ်။ legal ဆိုဒ်ကြီးတွေ၊ အဲ့ဒါတွေဝယ်ရတာ။ စက္ကူဆိုင်တွေရှိတယ်။  အဲ့ဒါကိုမှ ချိုးပြီး ပြန်ရေးတာပေါ့။ ဟိုအေဖိုးဆိုရင် တစ်ဆယ်ရှိတယ်။ နှစ်ပုဒ်၊ နှစ်ပုဒ်စီစုပြီးမှ ဆယ်ပုဒ်လောက်မှ ပို့ကြတာ။ မျှခံပြီးမှ ပို့ခဲ့ရတာ တိုက်တွေဆီ။

ပထမဆုံးကဗျာပါတာ ၂၀၀၄ ခုနစ် နိုဝင်ဘာမှာ၊ ကဗျာကအရမ်းပါချင်တော့ ပို့တာ၊ ပို့တာပေါ့။ အခုလိုလည်း အင်တာနက်တွေနည်းနေသေးတော့ ကဗျာပါတာကို စသိရတာမဟုတ်ဘူး။ ကဗျာရွေးစာရင်းအရင်ပါလာတာ။ ရွေးစာရင်းဆိုတာက မပါခင် ဖော်ပြဖို့ ရွေးလိုက်ပြီဆိုတဲ့အကြောင်း စာအုပ်ထဲမှာ အရင်ဖော်ပြတာပေါ့။ အဲ့စာရင်းထဲမှာပါလာပြီးရင်လည်း နောက်လစာအုပ်ထဲမှာ ကိုယ့်စာမူက ပါချင်မှပါလာတာ။ ပါဖို့ဆိုရင် စောင့်ပေတော့ပဲ။ အဲ့တုန်းက မဂ္ဂဇင်းတွေမှာက ကဗျာက အတွင်းကဗျာနဲ့ အပြင်ကဗျာဆိုတာ ရှိတယ်။ အပြင်ကဗျာဆိုတာက စာအုပ်ထိပ်ပိုင်းတွေမှာပါတာ။ အတွင်းကဗျာဆိုတာက နောက်ပိုင်းမှာ။ စရေးတဲ့သူတွေက အသစ်တွေက အတွင်းကဗျာကို ပို့ကြတာများတယ်။ အပြင်ကဗျာမှာက ကျတော့ ဒိတ်ဒိတ်ကြဲနာမည်ရပြီးသား ကဗျာဆရာ၊ ဆရာမတွေရဲ့ ကဗျာတွေကိုပဲ ဖော်ပြတာများတယ်။ အသစ်ကိုဖော်ပြတာ မရှိသလောက်ပဲ။ ကဗျာရေးတာမှာတောင် ဂိုဏ်းက နှစ်ဂိုဏ်းကွဲသွားတာပေါ့။ ငါတို့က အတွင်းကနေကဗျာစရေးမှာနဲ့ မဟုတ်ဘူး ငါတို့က အတွင်းမှာမရေးဘူး။ အပြင်ကဗျာမှာပါအောင်လုပ်မယ်ဆိုတဲ့ အဖွဲ့နဲ့ပေါ့။

Cherry my paradise ဆိုတဲ့ မဂ္ဂဇင်းက ကဏ္ဍတစ်ခုရှိတယ်။ ကဗျာဆရာတွေရဲ့ ကဗျာ ငါးပုဒ်ပေါ့။ နာမည်ရပြီးသား လူတွေကိုမှ ပေးတာ။ ပြောချင်တာက ကဗျာအသစ်သမားက အဲ့ကဏ္ဍကို မပို့နဲ့ ဘယ်တော့မှမပါဘူး။ ဒါပေမဲ့ ကိုလင်းခါးက ပို့မယ်ကွာ ပါပါမပါပါ၊ ပို့ဖြစ်အောင်တော့ပို့မယ်ဆိုပြီး ပို့လိုက်တာ။ အဲ့မှာ စပြီး ပါလာတာ။ ဘော်ဒါတွေကလာပြောတယ်။ မင်း လင်းခါးနာမည်နဲ့ ကဗျာရေးလို့မရတော့ဘူး။ ဒီမှာ လင်းခါးဆိုတဲ့နာမည်နဲ့ပါလာပြီ။ ကဗျာဆရာကြီးတွေထဲကပဲ ဖြစ်လိမ့်မယ်။ မင်း ရှောင်ရေးတော့လို့ ပြောလာတယ်။ နေပါဦး ငါ ကြည့်ကြည့်ဦးမယ်ဆိုပြီး ကြည့်လိုက်မှ ကိုယ့်ကဗျာတွေ ဖြစ်နေမှန်းသိခဲ့ရတာ။ အဝေးသင်ကျောင်းတက်ပြီး ပြန်လာတော့။ စာအုပ်က မန်းလေးသွားဝယ်ရတာ။ စာမူခဆိုတာ အဝေးကြီး။

ကိုဗစ်ထဲမှာ နှစ်ဘက်လုံးက မဲဆွယ်တော့ ဘာစည်းကမ်းမှလည်းမလိုက်နာဘဲ လုပ်ချင်ရာလုပ်ကြတာ။ ကိုလင်းခါးကတော့ No vote ပါ။

ချွတ်ချော်မှု၊ ပန်းချီစုတ်ချက်တွေနဲ့ အာဏာသိမ်းမှုအောက်က အရောင်တွေ
ကိုစစ်

ကိုစစ်သည် ကျောင်းနောက်ဆုံးနှစ်မှ စ၍စာတွေ၊ ကဗျာတွေရေးသားခဲ့သည်။ ထို့နောက် ရန်ကုန်သို့တက်ပြီး ကျောင်းမှ field ဆင်းသည့်သဘောအနေနှင့် ကွန်ပျုတာသင်တန်းတစ်ခုတက်ရသည်။ ကွန်ပျူတာသင်တန်းအောင်လက်မှတ်ကို ကျောင်းသို့ပြန်ပြလိုက်သည့်အခါ field ဆင်းပြီးကြောင်း ကျောင်းကသတ်မှတ်သည်။ စံချိန်စံနှုန်းနှင့် လွဲမှားနေသော ပညာရေးစနစ်ပိုင်းအတွက် သတိပြုစရာအချက်များဖြစ်ပါသည်။ ဘွဲ့လက်မှတ်မရသေးခင်ကပင် အိမ်သို့မပြန်တော့ဘဲ ရန်ကုန်က နည်းပညာအလုပ်တွေမှာ ဝင်လုပ်ခဲ့သည်။

လျပ်စစ်Diploma ဘွဲ့ရခဲ့ပြီး အလုပ်တွေတစ်ဖက်ကြောင့်မို့ နယ်ကိုပြန်မယူဖြစ်ဘဲ အဝေးရောက်ဖြင့်သာ ဘွဲ့ကိုယူခဲ့ရသည်။အလုပ်ခွင်ထဲတွင် ကိုစစ်နှင့် မြန်မာနိုင်ငံက လူတော်တော်များများ၏ မျက်လုံးထဲတွင် မြင်ယောင်ကြသည့် အင်ဂျင်နီယာတစ်ဦး၏ပုံရိပ်သည် အတွေးနှင့် လက်တွေ့တွင် များစွာကွဲလွဲနေကြောင်း သိခဲ့ရသည်။ အောက်ခြေသိမ်းအလုပ်များကိုလည်း အလုပ်နှင့်တွဲဖက်၍ လုပ်ကိုင်ခဲ့ရသည်။ အလုပ်ပထမဆုံးနေ့မှာတင် အလုပ်ရှင်အတွက် ကွမ်းယာဝယ်ပေးခဲ့ရသည်။ ဘက်ထရီအိုးအလေးကြီးများကို အထပ်မြင့်တိုက်တွေအပေါ် တစ်ယောက်တည်း မ တင် ပြီး တပ်ဆငိပေးရသည်။ ပြုပြင်ပေးရသည်။ ပစ္စည်ူအပြောင်းအရွှေ့လုပ်ခြင်းသည် အင်ဂျင်နီယာတွေနှင့် မဆိုင်သော အလုပ်ဖြစ်သော်လည်း လုပ်ခဲ့ရသည်။

လုပ်ခလစာအနေနှင့်လည်း အင်ဂျင်နီယာတစ်ယောက်၏လစာနှင့်စာလျင် အလွန်နည်းပါးသည့် ပမာဏသာ ရရှိခဲ့သည်။ တစ်နှစ်ပြည့်တိုင်း လစာတိုးသော်လည်း သုံးနှစ်လုပ်ပြီးနောက် ရသည့်လစာမှာ ၂သိန်းသာဖြစ်သည်။ ထိုအချိန်သည် NLD ပါတီအုပ်ချုပ်နေသည်ပ အချိန်ကာလပင် ရောက်နေပါပြီ။ သို့ပေမဲ့ တချို့သော အရာများသည် လုံးဝမပြောင်းလဲသွားဘဲ စစ်အစိုးရက နှစ်ရှည် အုပ်ချုပ်ခဲ့သည့် စံတွေ၊ စနစ်တွေက မပြောင်းလဲဘဲ ရှိနေသေးသည်။

ကိုဗစ်ကာလအတွင်းတွင် ကိုစစ်တို့လုပ်နေသည့် လုပ်ငန်းသည် အရှုံးများစွာပေါ်ရင်း အလုပ်နေရာကို ရောင်းချလိုက်ရသည်။ ကိုစစ်တို့လည်း ဂိုဒေါင်တစ်ခုဆီပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ အလုပ်လည်း များစွာပါးသွားသလို လစာလည်း လတိုင်းမရှင်းပေးနိုင်ဖြစ်လာသည်။ ထိုအချိန်မှစပြီး အားလပ်ချိန်အလွန်များသည်မို့ သုံးစွဲစားရိတ်ထဲကနေ ပန်းချီပစ္စည်းများဝယ်ပြီး ပန်းချီစဆွဲခဲ့သည်။ အဆောင်တစ်ခုကို ပြောင်းနေပြီးနောက်ပိုင်းလည်း ပန်းချီတွေဆက်ဆွဲခဲ့သည်။ အဆောင်ဆိုသည့်အတိုင်း ညဘက်အချိန်တစ်ခုရောက်လျင် အဆောင်မီးများပိတ်သည့်အတွက် ဖုန်းမှ flash မီးကို ထွန်းရင်း ပန်းချီတွေ ဆွဲခဲ့သည်။ အသုံးစားရိတ်လိုအပ်လာလျင် အိမ်က အနည်းငယ်ထောက်ပံ့ပေးသည်။

တဖြည်းဖြည်းနှင့် ကိုစစ်၏ ပန်းချီကားများသည် ရောင်းရလာပြီး ငွေကြေးလည်ပတ်သည့်အနေအထားသို့ရောက်လာသည်။ ထိုအချိန်တွင် အာဏာသိမ်းမှုကြီး ဖြစ်ပေါ်လာသည်။ ဗကသ သပိတ်စစ်ကြောင်း၏ ထပ်ဆုံးပိုင်းတွင် လိုက်ပါကာ အာဏာရှင်ကို ရွံ့ရွံ့ချွန်ချွန် ဆန္ဒပြတွန်းလှန်ခဲ့သည်။ အကြမ်းဖက် စစ်တပ်၏ လက်နက်ဖြင့် ဖြိုခွင်းမှုတွေကြောင့် ထိခိုက် ဒဏ်ရာရသည်များလည်း ရှိခဲ့သည်။ စစ်တပ်၏ အဖမ်းအဆီးကင်းလွတ်အောင် တစ်နေရာမှ တစ်နေရာကို ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ထိုသို့ပြောင်းရွှေ့နေထိုင်ရင်း အမြတ်တနိုးဆွဲထားသည့် ပန်းချီကားတွေလည်း ဆုံးရှုံးခဲ့ရသလို သုံးနှစ်တာ ပြုလုပ်ခဲ့ရသည့် မှတ်ပုံတင်လည်း ပျောက်ဆုံးခဲ့ရသည်။

မှတ်ပုံတင်ပျောက်သွားခြင်းကြောင့် ရန်ကုန်မှာ ဆက်နေလို့ မဖြစ်တော့ဘဲ အိမ်ကို ရရာကားဖြင့် ပြန်လာခဲ့ရသည်။ ထိုအချိန်တွင် ကားလိုင်းများမှာ မထွက်သေးသည့် ကာလဖြစ်သည်။ ကိုစစ်သည် အနုပညာကို မစွန့်လွှတ်နိုင်၍ လက်နက်ကိုင်လမ်းစဥ်ကိုတော့ ရွေးချယ်ရန် အဆင်မပြေခဲ့ချေ။ ထို့ကြောင့် သူ၏ ကဗျာနှင့်စာများကို ရောင်းပြီးဖြစ်စေ၊ မဲစနစ်ဖြင့် ရောင်းချပြီးဖြစ်စေ၊ တော်လှန်ရေးအတွက် သူ့အနုပညာကို လိုအပ်လာပြီဆိုလျင် ငြင်းဆိုလေ့မရှိဘဲ ပေးတာချည်းဖြစ်သည်။ ထိုသို့ အနုပညာများကို တစ်ဆင့်ခံ၍ တော်လှန်ရေးကို အထောက်အကူပြုခြင်းဖြင့်သာလျင် ယခုချိန်ထိ တော်လှန်ရေးမှာ တစ်ခန်းတစ်ကဏ္ဍ ပါဝင်နေသေးသည်။

ကိုစစ်သည် တော်လှန်ရေးကြီးအောင်မြင်ခဲ့လျင် အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်လမ်းစဥ်ရွေးချယ်ခဲ့ကြသော အနုပညာရှင်များ၊ နေရာတွေအသီးသီးဆီ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားသည့် အနုပညာရှင်များကို ရန်ကုန်တွင် ပြန်ဆုံတွေ့လိုကြောင်း သူ့ဆန္ဒကိုပြောကြားခဲ့ပါသည်။

ကိုစစ်၏ အကြောင်းများကို တင်ဆက်ထားသည့် ဒုတိယ အပုဒ်တွင်တော့ အထက်ပါအကြောင်းအရာများ၏ အသေးစိတ်ဖြစ်ရပ်များနှင့် ဆွေးနွေးသုံးသပ်မှုများပါ ဝေဝေဆာဆာ ပါရှိမည်ဖြစ်ပါသည်။ Dark Era of Burma Podcast channel တွင် ဝင်ရောက်နားဆင်နိုင်ပြီဖြစ်ပါသည်။

Podcast channel တွင် ဝင်ရောက်နားဆင်နိုင်ပြီဖြစ်ပါသည်။

In order to be included in the voting list, three out of five judges must click on the button.

The application allows users to vote for their favorite performances once they are included on the voting list.

ဘာသာရေးလား၊ လူထုမှိုင်းလား ၊ ကိုစစ်ကတော့ တူအောက်က ပေလေးပါ
ကိုစစ်

ကြက်ဖနဲ့ ကြ က်မပေါင်းရင် ဘာရလဲ

လူမျိူးရေး၊ ဘာသာရေး၊ မြို့နယ်ဦးစီးမှူးတစ်ယောက်က လူငယ်တစ်ယောက်ကို ပြောလိုက်တဲ့စကား။ ဘယ်လောက်ထိ ယုတ်မာတဲ့ လေသံတွေပါဝင်နေသလဲ။ လူငယ်လေးတစ်ယောက် မှတ်ပုံတင်သွားလုပ်တာကို ပြောတဲ့စကား၊ နောက်ဆုံးဘူတာက လာဘ်ငွေလိုချင်လို့၊ ပိုက်ဆံလိုချင်လို့။ အဲ့ဒါကြောင့် ကြီးကြီးကျယ်ကျယ်ပြောတယ်ဆိုလည်း ပညာမပါဘဲ ပါးစပ်က ထွက်လာတဲ့စကား။

ကိုစစ်သည် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေအနားက ရွာတစ်ရွာတွင်နေထိုင်သည့် ကမန် - ရခိုင် လူမျိုးဖြစ်သည်။ အစ္စလာမ်ဘာသာကို ကိုးကွယ်ပြီး ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ဘာသာရေးအဓိကရုဏ်းများကြောင့် မ​ငြိမ်သက်သော ဘဝများကို ကြုံတွေ့ခဲ့ရသည်။ ဗလီသွားပြီး ဝတ်ပြုဖို့ကိုတောင် ခိုးကြောင်ခိုးဝှက်လုပ်ရပြီး ဘာသာရေးဖိနှိမ်မှုတွေနှင့် ကြုံခဲ့ရသည်။ ဘယ်ဘက်ကမှမဟုတ်သော လူတစ်စုက စစ်အစိုးရရဲ့ လက်ပါးစေအဖြစ် ဆောင်ရွက်ကာ ရည်ရွယ်ချက်ရှိရှိ ဘာသာရေးနှင့် သွေးခွဲဖို့ ကြိုးစားခဲ့ကြသည်။

လူတစ်စုက မိန်းကလေးတစ်ဦးကို မုဒိန်းကျင့်၊ သတ်ဖြတ်ပြီး အစ္စလာမ်ဘာသာဝင်တွေ လုပ်တာပါဆိုပြီး ဝါဒ ဖြန့်ခဲ့ကြသည်။ တစ်နိုင်ငံလုံးဆီ ဒီဝါဒဖြန့်မှုဟာ ကူးစက်ရောက်ရှိသွားပြီး အဆိုးရွားဆုံးအနေနှင့် မိတ္ထီလာမြို့တွင် သတ်ဖြတ်၊ မီးရှို့ကြသည်အထိ အဓိကရုဏ်းက ကြီးမားခဲ့သည်။ ထိုအချိန်တွင် ရွေးကောက်ပွဲလုပ်ပြီး ကြံ့ခိုင်ရေးပါတီက အုပ်ချုပ်နေသော်လည်း ထိုပါတီသည် ယခင်က စစ်အစိုးရ၏ ရုပ်သေးရုပ်သဘောဝင်သည့်ပါတီဖြစ်၍ စစ်အစိုးရအုပ်ချုပ်နေသည်လို့ပင် ဆိုရမည်။ အဓိကရုဏ်းတွင်း ပစ်မှုကျူးလွန်ခဲ့သူများကို အစိုးရအနေနှင့် လျစ်လျူရှုခဲ့ကြသည်။ သူတို့၏ ရည်ရွယ်ချက်အတိုင်း ဘာသာရေးသွေးခွဲမှုသည် အဆင့်အတန်းတစ်ခုအထိ အောင်မြင်ခဲ့သည်လို့ ဆိုရမည်။

နစ်နာဆုံးရှုံးသွားသည်က အစ္စလာမ်ဘာသာဝင်အများစုသာဖြစ်ပါသည်။ အစ္စလာမ်ဘာဝင်ဖြစ်သည်နှင့် လူ့အသိုင်းအဝိုင်းမှာ ပယ်ကြသည်အထိ ဖြစ်ရပ်မျိုးတွေရှိလာသည်။ ထို့​ကြောင့် စီးပွားရေး၊ ပညာရေး၊ လူမှုရေး အဘက်ဘက်က ဆုံးရှုံးထိခိုက်မှုများရှိလာသည်။ အစိုးရအနေဖြင့်လည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခဲ့တာမျိုး မလုပ်ခဲ့ဘဲ ထုံးစံအတိုင်း သူတို့၏ ကိုယ်ပိုင် ရုပ်သံလိုင်းများတွင် သူတို့အလုပ်ဘယ်လောက်လုပ်ကြောင်းဆိုတာတွေသာ လုပ်ကွက်တွေ ထိုင်ပြနေခဲ့သည်။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအမည်ခံပြီး လူတစ်စု၏ လက်ပါးစေဖြစ်နေခဲ့သော မဘသ အဖွဲ့သည် ကိုစစ်တို့နယ်ဘက်တွင် သောင်းကျန်းသည့်အနေအထားတစ်ရပ်အထိ ရမ်းကားမှုများဖြစ်ခဲ့သည်။

အလံကြီးတွေလွင့်ပြီး ဆိုင်ကယ်တွေနှင့် ဗရမ်းဗတာ မြို့ထဲ၊ ရွာထဲသို့ ဝင်လာကြပြီဆိုလျင် ပြည်သူတွေဟာ ကြောက်ကြောက်နှင့် နီးစပ်ရာ တောအုပ်၊ တောင်တန်း အစရှိသည်ထဲကို ထွက်ပြေးကြရသည်။ တောထဲတွင် အစားအသောက်လည်း မစားရ၊ အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် မဘသတွေ ပြန်ထွက်သွားချိန်ကို စောင့်ကြရသည်။ ထိုသို့ ရှောင်ရှားရင်း အဆိပ်မိသည့်အကောင်များ ကိုက်ခံရ၍သေဆုံးမှုတွေလည်း ဖြစ်ခဲ့သည်။ ကိုစစ်တို့ မိသားစုလည်း အိမ်ကနေ ထွက်ပြေးကြမည်ဆိုတော့ ပိုင်ဆိုင်သည့် ပစ္စည်းတွေကို အိတ်တွေနှင့်ထည့်ရင်း မြေကြီးထဲမြှုပ်ပြီး ဖွက်ခဲ့ရန် ကြံစည်ရသည်။ ထိုအထဲတွင် တီဗီတစ်ခုလည်း ပါပြီး ​အိမ်ကိုပြန်လည် ရောက်ရှိပြီး ဖွင့်ကြည့်သောအခါတွင် ဖွင့်မရတော့ပေ။ ထိုတီဗီကြီးသည် ယခုထက်တိုင် ကိုစစ်အိမ်တွင် ရှိနေသေးသည်။

ရေစီးကမ်းပြို အခက်အခဲများနှင့် ကိုကျော်
ကိုကျော်ဟာ နယ်စပ်မြို့လေးမှာ နေထိုင်ရင်း အခက်အခဲပေါင်းစုံကို ရေစီးကမ်းပြို၊ အိတ်သွန်ဖာမှောက်ကြုံခဲ့ရသည်။ ကြုံလာသော လောကဓံများကို ကြံ့ကြံ့ခံရင်း တော်လှန်ရေးရဲ့ တစ်ထောင့်တစ်နေရာမှာ ပြန်လည်ပါဝင်ရင်း ရှေ့ဘဝခရီးကို ဆက်ခဲ့ရသည်။ အထက်ပါအကြောင်းအရာများကို Dark Era Of Burma Podcast channel မှာ နားဆင်လို့ရပြီ ဖြစ်သည်။

အမှောင်ခေတ်ကိုတော်လှန်မည့် ကိုကျော်
တစ်ကမ္ဘာလုံး ကိုဗစ်ရောဂါတွေဖြစ်၊ အာဏာသိမ်းမှုဖြစ်စဥ်ကြီး ဖြစ်ပြီးသွားတဲ့နောက်မှာ ကိုကျော်တို့လို လူငယ်တွေရဲ့ အနာဂတ်က အတော်လေးမှေးမှိန်သွားခဲ့သည်။ အာဏာသိမ်းမှုကြီးကို ရရာအင်အားစုရုန်းရင်း တွန်းလှန်သပိတ်မှောက်ခဲ့ကြသည်။ CDM တွေကိုဖမ်း၊ ပြည်သူတွေကိုမတရားဖမ်းဆီးမှုကြောင့် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သည်။ သို့ပေမဲ့ မထင်မှတ်ထားတဲ့ကိစ္စတွေ ဖြစ်လာတာကြောင့် အိမ်ကိုလည်း ပြန်မရတဲ့အဆုံးမှာ တခြားနိုင်ငံရဲ့ နယ်စပ်မြို့ဆီ ခိုးဝင်ရင်း နေခဲ့ရသည်။ အထက်ပါအကြောင်းအရာ အပြည့်အစုံကို Dark Era Of Burma Podcast channel လေးမှာ စိတ်ဝင်စားဖွယ် ဝင်ရောက်နားဆင်နိုင်ပါပြီ။

စနစ်မကျသောအမှောင်ခေတ်အဖွဲ့အစည်းများနှင့်ကိုကျော်
ကိုကျော်ဟာ ခေတ်အဆက်ဆက်ဗျာများနေခဲ့ရသည့် နိုင်ငံကြီးတွင် ကြီးပြင်းလာသူဖြစ်တာကြောင့် ပညာရေးဇာတ်တွေမှာလည်း ဝင်ကခဲ့ရသည်။ ကျောင်းမျိုးစုံပြောင်းလျှောက်ရင်း၊ စနစ်မကျသော လူ့အဖွဲ့အစည်းများထဲမှ အမှန်တရားကို ပုန်းလျိုးကွယ်လျိုးလုပ်ချင်သောအမှောင်ခေတ်လူများကို ထပ်မံတွေ့ခဲ့ရသည်။ အထက်ပါအကြောင်းအရာများကို Dark Era Of Burma Podcast channel မှာ နားဆင်လို့ရပြီ ဖြစ်သည်။

အမှောင်လမ်းအစ - ကိုကျော်နှင့်ခေတ်ပျက်ယဉ်ကျေးမှု
ကိုကျော်သည် အမှန်တရားတွေကို မြတ်နိုးသူဖြစ်ပြီး သူကြုံတွေ့လာရသော ခေတ်ကာလတစ်လျှောက်လုံးမှာ အမှန်တရားကို ဖုံးဖိပြီး ကိုယ်ပိုင်အဆင်ပြေ ဖို့အတွက်သာ ကြည့်သူတွေနှင့် ကြုံတွေ့ခဲ့ရသည်။ အမှောင်ခတ်ခရီးလမ်းကြီးကို လျှောက်ပြီး အမှောင်ဘက်အခြမ်းကသူတွေနှင့် တော်တော်များများ တွေ့ဆုံခဲ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ရင်း လက်နက်ကိုင်တော်လှန်ဖို့အထိအကြောင်းဖန်လာခဲ့သည်။ လက်နက်ကိုင်ရာမှာလည်း သမာသမတ်မကျသူတို့နှင့်တွေ့ဆုံခဲ့ပြီး အိမ်ကိုလည်း ပြန်လို့မဖြစ်တော့တဲ့ အဆုံးမှာ IDPတစ်ယောက်ဖြစ်လာခဲ့ရသည်။ အာဏာသိမ်းလိုက်တော့မှ အမှောင်ခေတ်ကြီးကို ကြုံခဲ့ရတာမျိုးမဟုတ်ဘဲ ငယ်စဥ်အခါကတည်းက ပညာရေးပိုင်းကနေစတင်ပြီး မရိုးဖြောင့်သောလူတွေနှင့် ကြုံခဲ့ရသည်။ အထက်ပါအကြောင်းအရာများကို Dark Era Of Burma Podcast channel မှာ နားဆင်လို့ရပါပြီ။